The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

NEWS

2026-03-02
Ministry of Industry, Directorate of Industrial Supervision and Inspection is implementing the project of Promoting Eco-Innovation and Green Practices of MSMEs in Mekong Countries and People’s Republic of China with Lancang-Mekong Cooperation Special Fund(LMCSF). The official launch of the project was successfully completed on March 28,2025 . As part of the project activities, a team led by experts conducted Qualitative and Quantitative Surveys on Eco-innovation and Green practices.The team carried out onsite data collection in Bago, Magway, Yangon, and Ayeyarwady Regions, while surveys for the remaining States/Regions and the Mekong sub-region were conducted online. The workshop was held from January 19 to 21, 2026, at the Grand Amara Hotel in Naypyidaw to review the survey results with experts and officials, and to share these findings with Mekong-Lancang countries.Approximately 100 participants attended the workshop, including 25 subject-matter representatives from the Ministry of Industry and related ministries, officials in charge of the SME departments from States, Regions, and Union Territories, 51 MSMEs, 5 representatives from Thailand, the People's Republic of China, and Laos in person, and 3 representatives from Cambodia online.
2026-02-27
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်နေပြည်တော်ရှိပြည်သူ့ရင်ပြင်၌ဖေဖော်ဝါရီလ၈ရက်နေ့မှ၁4ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့်ပြည်ထောင်စု အဆင့်MSMEထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင်ဆုအမျိုးအစား(၆)မျိုးဖြစ်သည့်လယ်ယာသုံးပစ္စည်းများအတွက်အကောင်းဆုံးဆု၊တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ထုပ်ပိုးမှုအကောင်းဆုံးဆု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်ထုတ်ကုန်ဆု၊ယခင်နှစ်ဆုရရှိသူများမှတိုးတက်မှုအကောင်းဆုံးဆု၊သွင်းကုန်အစားထိုးထုတ်ကုန်ဆု၊ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆုတို့ကိုပထမ၊ဒုတိယ၊တတိယဆုများချီးမြှင့်ခဲ့ရာဆုရရှိခဲ့သည့်လုပ်ငန်းပေါင်း(၁၈)ခုအား လေ့လာနိုင်ပါရန် pdf ဖိုင်ဖြင့်ဖော်ပြထားပါသည်။
2026-01-31
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက် အထိ ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် MSME ပြခန်းတွင် SME ယာယီမှတ်ပုံတင်လက်မှတ်လျှောက်ထားမှုများကို One Stop Service ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် သတင်းဖြန့်ဝေအပ်ပါသည်။
2025-12-23
၁။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်း အဝေးခန်း၌ ကျင်းပခဲ့ပါသည်။ ၂။ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ထင်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့်မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
2025-12-09
လုပ်ငန်းများမှတ်ပုံတင်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းများအနေဖြင့် ရရှိသင့် ရရှိထိုက်သော အခွင့်အရေးများ ရရှိနိုင်ရန် လုပ်ငန်းမှတ်ပုံတင်ကြပါဟု တိုက်တွန်းရေးသားထားသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည့် “MSME တိုးတက်ဖို့မှတ်ပုံတင်ကြဖို့” ဆောင်းပါးအား လေ့လာဖတ်ရှုနိုင်ပါရန် ဖော်ပြအပ်ပါသည်။
2025-12-07
ဒေသဆိုင်ရာ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၏ ဆောင်ရွက်ချက်များအား လေ့လာဖတ်ရှုနိုင်ပါရန် ဖော်ပြအပ်ပါသည်။
2025-12-04
(၁၈. ၇. ၂၀၂၅) ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ “ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်” အား လေ့လာ ဖတ်ရှုနိုင်ပါရန် ဖြန့်ဝေအပ်ပါသည်။
2025-11-02
SME လုပ်ငန်းရှင်များအနေဖြင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား သိရှိနားလည်နိုင်ရေးအတွက် ဂျပန်နိုင်ငံမှ SME လုပ်ငန်းရှင်များအား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာဖြန့်ဝေနိုင်ရန် ရည်ရွယ်ပြုလုပ်ထားသော “5-Minute Self-Accessment” အား လေ့လာဖတ်ရှုနိုင်ရန် ဖြန့်ဝေအပ်ပါသည်။
2025-09-30
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းထားအာခြင်းအား သိရှိနိုင်ပါရန် ဖြန့်ဝေအပ်ပါသည်။
2025-09-30
RCEP Agreement ၊ Chapter - 14 တွင်ပါဝင်သည့် MSME ကဏ္ဍပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။https://asean.org/wp-content/uploads/2024/10/Regional-Comprehensive-Economic-Partnership-RCEP-Agreement-Full-Text.pdf?utm_source=chatgpt.com
2025-09-30
ပြင်ဦးလွင်သုတေသနဓာတ်ခွဲခန်းမှ စားသောက်ကုန်လုပ်ငန်းများအတွက် ဓာတ်ခွဲစမ်းသပ်ပေးနိုင်မည့်အမျိုးအစားများနှင့် ကုန်ကျစရိတ်များကို MSME လုပ်ငန်းရှင်များ သိရှိနိုင်ရေးအတွက် ဖြန့်ဝေအပ်ပါသည်။
2025-09-30
ရန်ကုန်သုတေသနဓာတ်ခွဲခန်းမှ စားသောက်ကုန်လုပ်ငန်းများအတွက် ဓာတ်ခွဲစမ်းသပ်ပေးနိုင်မည့် အမျိုးအစားများနှင့် ကုန်ကျစရိတ်များကို MSME လုပ်ငန်းရှင်များ သိရှိနိုင်ရေးအတွက် ဖြန့်ဝေအပ်ပါသည်။