၁။ အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အားပေးနိုင်ရန် ရည်ရွယ်၍ ၂၀ဝဝ ပြည့်နှစ်မှစတင်ကာ ASEAN Centre for Energy (ACE) မှ ကြီးမှူး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ် အစီအစဉ် - ၂၀၂၆ (ASEAN Energy Award -
2026) ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင် နိုင်ပြီဖြစ်ကြောင်း ASEAN Centre for Energy (ACE) မှ ဖိတ်ခေါ်လာပြီး အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၃)ခုတွင် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်-
-
ASEAN Best Practices
for Energy Efficient Buildings (EEB) Awards
-
ASEAN Best Practices
for Green Building (GB) Awards
-
ASEAN Best Practices
for Energy Management (EM) in Buildings and Industries Awards
၂။ အဆိုပါ ASEAN
Energy Award-2026 ပြိုင်ပွဲအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်
လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်၍
policyaffairsdept.msme@gmail.com သို့ ၁၃. ၃. ၂၀၂၆ ရက်နေ့ အရောက်ပေးပို့နိုင်ပါကြောင်းနှင့်
အသေးစိတ်သိရှိလိုပါက မူဝါဒနှင့်ပြည်ပရေးရာဌာန ၊ ဖုန်း ၀၆၇-၄၀၈၁၂၈ သို့
ဆက်သွယ်စုံစမ်းနိုင် ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။

