NEWS
2026-06-17
ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်စေခြင်းတို့၌ အဓိကမောင်းနှင်အားဖြစ်သောMSMEများ၏ အရေးပါမှုကိုအသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဇွန်လ(၂၇) ရက်နေ့ ကို“ကမ္ဘာ့MSMEနေ့” အဖြစ် ၂၀၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၁၀) ကြိမ်မြောက် အခမ်းအနား အတွက်ကုလသမဂ္ဂက သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “The Future Generation of MSMEs” (အနာဂတ်မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ) ဆိုသည်မှာ နည်းပညာတဟုန်ထိုးတိုးတက်လာသည့်ခေတ်တွင် ရေရှည်တည်တံ့ပြီး လူသားဗဟိုပြုသော စီးပွားရေးပုံစံသစ်သို့ ကူးပြောင်းခြင်းဖြစ်ပြီး၊ လက်ရှိနည်းပညာနှင့် ဉာဏ်ရည်တု (AI)ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိက ဦးတည် ထားရှိပါသည်။ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန အနေဖြင့် “ကမ္ဘာ့MSMEနေ့ (World MSME Day)အခမ်းအနား” ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်- (က)MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်ကောင်းမွန်စွာ ဖန်တီးပေးနိုင်သည့် အဓိက အရင်းအမြစ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေစေရန်၊ (ခ )လူငယ်များနှင့် လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုကို ဖော်ထုတ်ပေးနိုင်ခြင်း၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို အသေးစားလုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းနှင့်နိုင်ငံတကာဈေးကွက်များအထိတိုးတက်ကြီးထွားလာစေရန်၊ (ဂ )သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ ရေရှည်တည်တံ့နိုင်သော စီးပွားရေးအလေ့အကျင့်ကောင်းများနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ကမ္ဘာ့လုပ်ငန်းရှင်များအကြား ပျံ့နှံ့သွားစေရန် ၊ (ဃ) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ
(SDGs)အောင်မြင်စေရန်အတွက် MSME လုပ်ငန်းများ၏ အရေးပါပုံကို ပြည်သူတစ်ရပ်လုံး ပိုမိုသိရှိနားလည်လာစေရန်။ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနားကို ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ MSME အေဂျင်စီများ၏ MSME ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာပြခန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများဖြင့် စည်စည် ကားကားကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အများပြည်သူအနေဖြင့် ပါဝင်ဆင်နွဲနိုင်ရေးအတွက် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
2026-05-24
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်အရ "Toolkit for MSMEs ပါ အောင်မြင်ရေးအလေ့အကျင့်ကောင်းများ လက်တွေ့အသုံးချရေး အသိပညာပေးသင်တန်း
(ပထမအကြိမ်)"
ကို ဝန်ကြီးဌာနနှင့် MSME
Association (နေပြည်တော်) တို့ ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ MSME
လုပ်ငန်းရှင်များအတွက် နေပြည်တော်၊ ရုံးအမှတ် (၃၀) ၌ မေလ ၂၃ ရက်မှ
၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍
အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ
MSME လုပ်ငန်းရှင်
(၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး MSME Tool Kit ပါ
လမ်းညွှန်ချက်များနှင့် အလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က သင်တန်းနည်းပြအဖြစ် ပို့ချခဲ့ပါသည်။MSME
လုပ်ငန်းရှင်များအတွက် ဤကဲ့သို့
ရှင်းလင်းဆွေးနွေးခြင်းသင်တန်းများကို စုစုပေါင်း (၃) ကြိမ်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
2026-05-15
ဒေသဆိုင်ရာအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၏ ဧပြီလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာ ဖတ်ရှုနိုင်ရန် pdf ဖိုင်ဖြင့် ဖော်ပြထားပါသည်။
2026-04-23
၁။ ASEAN Access Learn Platform တွင် Electronic Waste စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း သည့် ဆွေးနွေးပွဲကို (၂၈. ၄. ၂၀၂၆) ရက်နေ့၊ ထိုင်းနိုင်ငံစံတော်ချိန် ၁၄:၀၀ နာရီမှ ၁၆:၀၀ နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။၂။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် Electronic Waste များ၏ အဓိကစိန်ခေါ်မှုများ၊ circular economy မှ ရရှိနိုင်မည့် အခွင့်အလမ်းများ၊ responsible e-waste management အတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် Business Model များ၊ SME များ ရေရှည်တည်တံ့ခိုင်မြဲ၍ အကျိုးအမြတ်ရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်မည့် အချက်များကို ဆွေးနွေးပို့ချမည် ဖြစ်ပါသည်။၃။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် MSME လုပ်ငန်းရှင်များအနေဖြင့်https://tinyurl.com/ewasteaseanတွင် Register ပြုလုပ်၍ တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း သတင်းအချက်အလက်ဖြန့်ဝေ အပ်ပါသည်။
2026-04-23
၁။ TikTok Shop ၏ ပံ့ပိုးမှုဖြင့် အာဆီယံဖောင်ဒေးရှင်းသည်
လက်မှုပညာရှင်များနှင့် လက်လီရောင်းချသူများအား ပံ့ပိုးပေးသည့် အစီအစဉ်ဖြစ်သည့် “ASEAN
Supporting Our Artisans and Retailers (SOAR) Together” ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
၂၀၂၆ ခုနှစ် တွင် MSME များအား ဒစ်ဂျစ်တယ်စွမ်းရည်များ အားကောင်းစေရန်နှင့်
ဈေးကွက် အခွင့်အလမ်း အသစ်များ ဖွင့်လှစ်ပေးရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများမှ MSME လုပ်ငန်း
(၁၂၀) ကို ပံ့ပိုး ပေးသွားမည် ဖြစ်ပါသဖြင့် သတင်းအချက်အလက်ဖြန့်ဝေပေးပါရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး
မှ အကြောင်းကြားလာပါသည်။၂။ အဆိုပါအစီအစဉ်အရ digital marketing ၊
e-commerce ၊ sustainable business practices စသည့် နယ်ပယ်များကို လေ့လာနိုင်မည်ဖြစ်ပြီး ဆောင်ရွက်မည့် အစီအစဉ်နှင့်
Register ပြုလုပ်လျှောက်ထားရမည့် Link များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-(က) Unlocking Discovery E-commerce
in Southeast Asia (Online Masterclass) https://form.jotform.com/260689544936473(၂၆. ၄. ၂၀၂၆ ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။)(ခ) Acceleration Programme https://form.jotform.com/260689544936473 (၁၀. ၅. ၂၀၂၆ ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။)
၃။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့်
MSME လုပ်ငန်းရှင်များအနေဖြင့် ဖော်ပြပါ Link များတွင် အသေးစိတ်အချက်အလက်များကို ဝင်ရောက်လေ့လာ၍
Register ပြုလုပ်လျှောက်ထား နိုင်ပါကြောင်း သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။
2026-04-09
ဒေသဆိုင်ရာအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၏ မတ်လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာ ဖတ်ရှုနိုင်ရန် pdf ဖိုင်ဖြင့် ဖော်ပြထားပါသည်။
2026-04-01
၁၃.၃.၂၀၂၆
ရက်နေ့မှ ၁၄.၃.၂၀၂၆ ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) ၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ဖွံ့ဖြိုးတိုး
တက်ရေးနှင့်တည်ငြိမ်အေးချမ်းရေး) “Forum on
Dawn of the New State” (Development
& Stability) အခမ်းအနားတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ
(၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ နေပြည်တော်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မှ ဆုရရှိခဲ့သည့် MSME ထုတ်ကုန်များအား ခင်းကျင်းပြသ ခဲ့ပါသည်။
2026-04-01
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊
ယာယီသမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင်ပြုလုပ်ခဲ့သည့်
တွေ့ဆုံပွဲအခမ်းအနား၌ “စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများကို
အပြည့်အဝစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ ပိုမိုရရှိ လာမည်ဖြစ်ပြီး
နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး
ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း" လမ်းညွှန်မှာကြားချက် နှင့်အညီ
ပြည်တွင်းကုန်ကြမ်းဖြစ်သည့် ဝဥမှတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်
ရောင်းချနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာများ၊ စနစ်ကျသော လုပ်ငန်းဆောင်ရွက်မှုများ၊
ဈေးကွက်ရရှိရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် “ဝဥကုန်ကြမ်းစိုက်ပျိုးမှုမှ
တန်ဖိုးမြင့် ထုတ်ကုန် ဖြစ်သည့် ဝဥကြာဇံ၊ ဝဥဆန်အပါအဝင် ဝဥကုန်ချောထုတ်လုပ်မှုနှင့်
ရောင်းချမှုဆိုင်ရာ ဆွေးနွေးပွဲ” ကို(၁၈.၃.၂၀၂၆)
ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်၊ (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်နယ်/ တိုင်းဒေသ ကြီးတို့မှ
တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စားသုံးသူရေးရာ
ဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊
အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း၊ မြန်မာနိုင်ငံဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့
ရောင်းချသူများအသင်းနှင့် I.G.P Immortal Garden Park Co.,Ltd. တို့မှ တာဝန်ရှိသူများ၊
MSME ဝဥစိုက်ပျိုးထုတ်လုပ်သူများ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။
2026-04-01
မိုင်းကိုင်စက္ကူလုပ်ငန်းသည် ရှမ်းပြည်နယ်၏ စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး
ယနေ့ ထိတိုင်ရှင်သန်နေသေးသော အရေးပါသည့်
မြန်မာ့အိမ်တွင်းလက်မှုလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ရှေးယခင်က မိုင်းကိုင်စက္ကူကို
စာရေးရန်သာမက ပုရပိုက်ဖြူများ၊ ခမောက်၊ ယပ်တောင်များအဖြစ်
ပြုလုပ်သုံးစွဲခဲ့ကြရုံသာမက ဆီ၊ သစ်စေးတို့သုတ်ကာ
ထီးများအဖြစ်ပင်ပြုလုပ်သုံးစွဲခဲ့ကြပါသည်။ ယခုအခါ
ရိုးရာလက်မှုအနုပညာပစ္စည်းများဖြစ်သည့် မီးပုံး၊ Book Mark ၊
စာအိတ်၊ စက္ကူဘူး၊ ဓါတ်ပုံဘောင်များနှင့် လက်ဆွဲအိတ်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလာကြပြီး
တဖန် လူကြိုက်များလာသည့် ရိုးရာလက်မှုလုပ်ငန်းဖြစ်ရာ မိုင်းကိုင်စက္ကူ(ရှမ်းစက္ကူ)
ထုတ်လုပ်နေသည့် အိမ်တွင်းလက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ နည်းပညာ၊
ဈေးကွက်ရရှိမှုဆိုင်ရာများ ပံ့ပိုးပေး နိုင်ရန် “မိုင်းကိုင်စက္ကူ
(ရှမ်းစက္ကူ) ထုတ်လုပ်မှုနည်းပညာဆိုင်ရာဆွေးနွေးပွဲ” ကို (၁၈.၃.၂၀၂၆)
ရက်နေ့တွင် ရုံးအမှတ်၊ (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်နယ်/ တိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများ၊
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊
သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှ
“အောင်” ထီးလုပ်ငန်းနှင့်မိုင်းကိုင်စက္ကူ လုပ်ငန်းမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ
စုစုပေါင်း (၇၇) ဦး တက်ရောက်ခဲ့ပါသည်။
2026-03-19
ဒေသဆိုင်ရာအေဂျင်စီများ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာဖတ်ရှုနိုင်ရန် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2026-03-11
၁။ အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အားပေးနိုင်ရန် ရည်ရွယ်၍ ၂၀ဝဝ ပြည့်နှစ်မှစတင်ကာ ASEAN Centre for Energy (ACE) မှ ကြီးမှူး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ် အစီအစဉ် - ၂၀၂၆ (ASEAN Energy Award -
2026) ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင် နိုင်ပြီဖြစ်ကြောင်း ASEAN Centre for Energy (ACE) မှ ဖိတ်ခေါ်လာပြီး အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၃)ခုတွင် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်--
ASEAN Best Practices
for Energy Efficient Buildings (EEB) Awards-
ASEAN Best Practices
for Green Building (GB) Awards-
ASEAN Best Practices
for Energy Management (EM) in Buildings and Industries Awards၂။ အဆိုပါ ASEAN
Energy Award-2026 ပြိုင်ပွဲအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်
လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်၍
policyaffairsdept.msme@gmail.com သို့ ၁၃. ၃. ၂၀၂၆ ရက်နေ့ အရောက်ပေးပို့နိုင်ပါကြောင်းနှင့်
အသေးစိတ်သိရှိလိုပါက မူဝါဒနှင့်ပြည်ပရေးရာဌာန ၊ ဖုန်း ၀၆၇-၄၀၈၁၂၈ သို့
ဆက်သွယ်စုံစမ်းနိုင် ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2026-03-03
၁။ MDEA
(Myanmar Digital Economy Association) နှင့်ပူးပေါင်း၍ မြန်မာ MSME
များ၏ ဒီဂျစ်တယ်ဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည့်
လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို ပံ့ပိုးသည့်အနေဖြင့် “Applied AI for Public Service and MSMEs ”သင်တန်း ကို ၂၀၂၆ ခုနှစ်၊
ဇန်နဝါရီလ ၁၇ ရက် ၊၂၄
ရက် နှင့် ဖေဖော်ဝါရီလ ၂၁ ရက် ၊၂၈ ရက်နေ့ များတွင်
နံနက်(၁၀:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
ရုံးအမှတ် (၃၇) ၌
In-Person ပုံစံဖြင့်
ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲသို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၃၁)
ဦး တက်ရောက်ခဲ့ကြပါသည်။

