“Applied AI for Public Service and MSMEs ”သင်တန်းကျင်းပပြုလုပ်မှုတင်းစဉ်
03-03-2026
၁။ MDEA
(Myanmar Digital Economy Association) နှင့်ပူးပေါင်း၍ မြန်မာ MSME
များ၏ ဒီဂျစ်တယ်ဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည့်
လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို ပံ့ပိုးသည့်အနေဖြင့် “Applied AI for Public Service and MSMEs ”သင်တန်း ကို ၂၀၂၆ ခုနှစ်၊
ဇန်နဝါရီလ ၁၇ ရက် ၊၂၄
ရက် နှင့် ဖေဖော်ဝါရီလ ၂၁ ရက် ၊၂၈ ရက်နေ့ များတွင်
နံနက်(၁၀:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
ရုံးအမှတ် (၃၇) ၌
In-Person ပုံစံဖြင့်
ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲသို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၃၁)
ဦး တက်ရောက်ခဲ့ကြပါသည်။

