(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် သတင်းဖြန့်ဝေခြင်း
31-01-2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက် အထိ ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် MSME ပြခန်းတွင် SME ယာယီမှတ်ပုံတင်လက်မှတ်လျှောက်ထားမှုများကို
One Stop Service ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် သတင်းဖြန့်ဝေအပ်ပါသည်။

