မိုင်းကိုင်စက္ကူလုပ်ငန်းသည် ရှမ်းပြည်နယ်၏ စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ယနေ့ ထိတိုင်ရှင်သန်နေသေးသော အရေးပါသည့် မြန်မာ့အိမ်တွင်းလက်မှုလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ရှေးယခင်က မိုင်းကိုင်စက္ကူကို စာရေးရန်သာမက ပုရပိုက်ဖြူများ၊ ခမောက်၊ ယပ်တောင်များအဖြစ် ပြုလုပ်သုံးစွဲခဲ့ကြရုံသာမက ဆီ၊ သစ်စေးတို့သုတ်ကာ ထီးများအဖြစ်ပင်ပြုလုပ်သုံးစွဲခဲ့ကြပါသည်။ ယခုအခါ ရိုးရာလက်မှုအနုပညာပစ္စည်းများဖြစ်သည့် မီးပုံး၊ Book Mark ၊ စာအိတ်၊ စက္ကူဘူး၊ ဓါတ်ပုံဘောင်များနှင့် လက်ဆွဲအိတ်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလာကြပြီး တဖန် လူကြိုက်များလာသည့် ရိုးရာလက်မှုလုပ်ငန်းဖြစ်ရာ မိုင်းကိုင်စက္ကူ(ရှမ်းစက္ကူ) ထုတ်လုပ်နေသည့် အိမ်တွင်းလက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ နည်းပညာ၊ ဈေးကွက်ရရှိမှုဆိုင်ရာများ ပံ့ပိုးပေး နိုင်ရန် “မိုင်းကိုင်စက္ကူ (ရှမ်းစက္ကူ) ထုတ်လုပ်မှုနည်းပညာဆိုင်ရာဆွေးနွေးပွဲ” ကို (၁၈.၃.၂၀၂၆) ရက်နေ့တွင် ရုံးအမှတ်၊ (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်နယ်/ တိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှ “အောင်” ထီးလုပ်ငန်းနှင့်မိုင်းကိုင်စက္ကူ လုပ်ငန်းမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ စုစုပေါင်း (၇၇) ဦး တက်ရောက်ခဲ့ပါသည်။

