၁။ ASEAN Access Learn Platform တွင် Electronic Waste စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း သည့် ဆွေးနွေးပွဲကို (၂၈. ၄. ၂၀၂၆) ရက်နေ့၊ ထိုင်းနိုင်ငံစံတော်ချိန် ၁၄:၀၀ နာရီမှ ၁၆:၀၀ နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် Electronic Waste များ၏ အဓိကစိန်ခေါ်မှုများ၊ circular economy မှ ရရှိနိုင်မည့် အခွင့်အလမ်းများ၊ responsible e-waste management အတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် Business Model များ၊ SME များ ရေရှည်တည်တံ့ခိုင်မြဲ၍ အကျိုးအမြတ်ရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်မည့် အချက်များကို ဆွေးနွေးပို့ချမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် https://tinyurl.com/ewasteasean တွင် Register ပြုလုပ်၍ တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း သတင်းအချက်အလက်ဖြန့်ဝေ အပ်ပါသည်။

