The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

Advisory Service

11-08-2018
11:15 AM
SME Center အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Rockstart Impact Myanmar အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာ SME လုပ်ငန်းများအတွက် ငွေကြေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများပိုမိုကောင်းမွန်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အကြံဉာဏ်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်၍ “Taking Your Business to the Next Level” ​တွေ့ဆုံဆွေးနွေးပွဲကို (၁၁.၈.၂၀၁၈) ရက်နေ့၌ SME Center အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ၊ ငွေကြေးဆိုင်ရာ အကြံဉာဏ်ရယူလိုသည့် SME လုပ်ငန်းရှင် စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် Rockstart Impact Myanmar ၏Country Manager, Mr. Robbert Groenen၊ Insitor Management ၏ Myanmar Country manager, Mr. Bradley Kopsick၊ Anthem Asia ၏ Senior Investment Associate, Ms. Jessica Thiri Aung၊ Yoma Bank ၏ Senior Management of SME Sales Innovation, Mr. Paul Wild၊ CB bank ၏Management Associate of the SME Banking Department, U Sai Naw Line၊ A Bank ၏Executive Manager of the SME Department, U Saw Hanter Win၊ RBF Myanmar ၏ Team Leader Mr. Amarnath Reddy တို့မှ ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြန်မာ SME လုပ်ငန်းများအတွက်ရင်းနှီးမြှုပ်နှံမှုရရှိနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးမှ Responsible Business Fund လျှောက်ထား ခဲ့ဖူးသည့် အတွေ့အကြုံများကိုမျှဝေပေးခဲ့ရာ၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်မည့် အချိတ်အဆက်ကောင်းများ၊ အကြံဉာဏ်ကောင်းများကိုဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
24-08-2018
11:15 AM
SME Center အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် အာဆီယံ၏ ABINet Project အရ မြန်မာနိုင်ငံ၏ အစပျိုးစီးပွားရေး လုပ်ငန်းအသစ်များ (Start Up) များအတွက် အကြံဉာဏ်ကောင်းများနှင့် အခွင့်အလမ်းကောင်းများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ “အစပျိုးစီးပွားရေးလုပ်ငန်းအသစ်များ (Start Up) အား ပျိုးထောင်ပေးမည့် အစီအစဉ်တွင် ပူးပေါင်း ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ” ​ကို (၂၄.၈.၂၀၁၈) ရက်နေ့၌ SME Center အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ၊ တက္ကသိုလ်များရှိ R & D ဌာနမှ ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ နည်း ပညာရှင်များ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ၊ စီးပွားရေးနယ်ပယ်မှ အကြံပေးပုဂ္ဂိုလ်များ စုစုပေါင်း (၂၈) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်အထောက်အပံ့ရယူလိုကြောင်း လျှောက်ထားလာသည့် SME လုပ်ငန်းရှင် (၅၄) ဦး အနက်မှ Start Up (၅) ဦးနှင့် Potential SME လုပ်ငန်းရှင် (၅) ဦး စုစုပေါင်း (၁၀) ဦး တို့အားရွေးချယ်၍ ASEAN Business Incubation Model ပုံစံအား လက်ခံကျင့်သုံးနိုင်ရန်၊ Technology Business Incubators များနှင့် ၄င်းတို့၏ Stakeholder များအကြောင်း Database စာရင်းကောက်ယူရန်၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ASEAN ABINet Annual Meeting များ ကျင်းပပြုလုပ်နိုင်ရန်၊ စင်္ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင် Business Matching များ ကျင်းပပြုလုပ်ရာတွင် ပါဝင်တက်ရောက်နိုင်ရန်၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငငံတို့မှပံ့ပိုးကူညီပေးသည့် Co-Incubation Program တွင်ပါဝင်နိုင်ရန်နှင့် Virtual Incubation Program အကြောင်းသိရှိစေရန် စသည့်အာဆီယံမှ အထောက်အပံ့ပေးမည့် အစီအစဉ်နှင့် SME Center မှ အထောက်အပံ့ပေးမည့် အစီအစဉ်များ တွင် ပါဝင်နိုင်ရန်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
From 16-02-2019 to 9-03-2019
From 1:00 PM to 5:00 PM
Mandalay, Monywa, Magway, Pathein,Yangon
ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်များနှင့်ပတ်သက်သည့် Knowledge Sharing Workshop များအား ကျင်းပပြုလုပ်ပေးသွားမည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Biz Law Consult Myanmar Co.,Ltd တို့ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှ (၃၁.၁.၂၀၁၉) ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်များနှင့်ပတ်သက်၍ SME လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဥပဒေပါ ပြဌာန်းချက်များကို သဘောပေါက်နားလည်လာကာ မိမိတို့၏လုပ်ငန်းများနှင့် ပတ်သက်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် Knowledge Sharing Workshop များအား မန္တလေးမြို့၊ မုံရွာမြို့၊ မကွေးမြို့၊ ပုသိမ်မြို့နှင့် ရန်ကုန်မြို့တို့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပေးသွားပါမည်- #ဆွေးနွေးပွဲအမည် ကုန်အမှတ်တံဆိပ်ဥပဒေပါပြဌာန်းချက်များနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ #ကျင်းပမည့်မြို့၊ နေ့ရက်၊ နေရာနှင့် ဆက်သွယ်စာရင်းပေးသွင်းရမည့်သူ၏အမည် (၁) မန္တလေးမြို့ : (၁၆.၂.၂၀၁၉) ရက်၊ စနေနေ့၊ (၁:ဝဝ) မှ (၅:ဝဝ) နာရီထိ Royal Mingalar Hotel၊ ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ မန္တလေးမြို့၊ ဒေါ်စောမာမာဝင်း၊ ဖုန်း ၀၉-၃၃၄၈၅၀၅၄ ၊ ၀၉-၇၉၇၃၃၃၉၇၉ (၂) မုံရွာမြို့ : (၁၇.၂.၂၀၁၉) ရက်၊ တနင်္ဂနွေနေ့ Win Unity Hotel၊ မန္တလေးမြို့၊ ဦးစိုးနိုင်၊ ဖုန်း ၀၉-၄၀၀၄၆၈၉၁၁ (၃) မကွေးမြို့ : (၁၉.၂.၂၀၁၉) ရက်၊ အင်္ဂါနေ့ အချိန်နှင့်နေရာ ထပ်မံကြေညာပေးပါမည်။ ဒေါ်မြင့်မြင့်သိန်း၊ ဖုန်း ၀၉-၅၃၄၁၈၄၀ (၄) ပုသိမ်မြို့ : (၃.၃.၂၀၁၉) ရက်၊ တနင်္ဂနွေနေ့ ပုသိမ်မြို့တော်ခန်းမ၊ (၁:ဝဝ) မှ (၅:ဝဝ) နာရီထိ ဒေါ်ခင်ခင်ဆွေ၊ ဖုန်း ၀၉-၅၁၄၈၆၈၈ (၁) ရန်ကုန်မြို့ : (၉.၃.၂၀၁၉) ရက်၊ စနေနေ့ အချိန်နှင့်နေရာ ထပ်မံကြေညာပေးပါမည်။ ဦးတင်ကိုကိုဆွေ၊ ဖုန်း ၀၉-၅၀၇၀၈၆၆ ၊ ၀၁-၅၅၁၉၇၃ တက်ရောက်လိုသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသအလိုက် ဖော်ပြထားသည့်ပုဂ္ဂိုလ်များအား ဆက်သွယ်စုံစမ်းပြီး အမည်စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
From 7-09-2019 to 8-09-2019
From 9:00 AM to 4:00 PM
ကုန်​သည်​များနှင်​့စက်​မှုလက်​မှုလုပ်​ငန်​းရှင်​များအသင်​း၊ မြိတ်​မြို့
တနင်္သာရီတိုင်​း​ဒေသကြီးအတွင်​းရှိ MSME များအတွက်​" Smart Finance; Smart SME Myeik " Seminar ကျင်းပပြုလုပ်မည် စက်​မှုကြီးကြပ်​​ရေးနှင်​့စစ်​​ဆေး​ရေးဉီးစီးဌာနသည်​ Matrix lnstitute of Professionals နှင်​့ပူး​ပေါင်​း၍ အလားအလာရှိပြီး ​ငွေ​ကြေးအ​ထောက်​အပံ့ရယူလိုသည်​့ အ​သေးစား၊ အငယ်​စားနှင်​့ အလတ်​စားစီးပွား​ရေး လုပ်​ငန်​းများအတွက်​လမ်​းညွှန်​သင်​တန်​းများ၊ဘဏ္ဏ​ရေးဆိုင်​ရာ Seminar များကို ကျင်​းပပြုလုပ်​လျက်​ရှိရာ တနင်္သာရီတိုင်​း​ဒေသကြီးအတွင်​းရှိ အ​သေးစားနှင်​့အလတ်​စားစီးပွား​ရေးလုပ်​ငန်​းများအတွက်​" Smart Finance; Smart SME Myeik " Seminarကို​အောက်​ပါအစီအစဉ်​တိုင်​းကျင်​းပမည်​ဖြစ်​ပါသည်​-#Seminarအမည်​ - "Smart Finance ; Smart SME Myeik " #Seminarကျင်​းပမည်​့​နေ့ရက်​-(၇. ၉.၂၀၁၉)ရက်​​နေ့၊စ​နေ​နေ့ #Seminarကျင်​းပမည်​့အချိန်​-နံနက်​(၀၉:၀၀)မှ​နေ့လည်​(၁၂:၀၀)နာရီအထိ#ကျင်​းပမည်​့​နေရာ-ငါးလုပ်​ငန်​းအဖွဲ့ချုပ်​ရုံး(တတိယလွှာ)၊ ကုန်​သည်​များနှင်​့စက်​မှုလက်​မှုလုပ်​ငန်​းရှင်​များအသင်​း၊ မြိတ်​မြို့ သို့ဖြစ်​ပါ၍ စိတ်​ပါဝင်​စား​သောလုပ်​ငန်​းရှင်​များအ​နေဖြင်​့ တနသာင်္ရီတိုင်​း ဒေသကြီး စက်​မှုကြီးကြပ်​​ရေးနှင်​့စစ်​​ဆေး​ရေးဉီးစီးဌာန ဖုန်​း-၀၉ ၄၂၈၃၆၄၂၃၆ : ၀၉ ၇၉၅၉၃၉၈၇၂ သို့ဆက်​သွယ်​၍စာရင်​း​ပေးသွင်​းနိုင်​ပါ​ကြောင်​းသတင်​း​ကောင်​းပါးအပ်​ပါသည်​။
21-01-2021
From 1:00 PM to 3:30 PM
Online Training
“ချေးငွေအခွင့်အလမ်းဆိုင်ရာ အစိမ်းရောင်ဘဏ္ဍာရေး အွန်လိုင်းအလုပ်ရုံ ဆွေးနွေးပွဲ” သို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း #ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Wide Fund for Nature (WWF) သည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မိတ်ဖက်ဘဏ်များဖြစ်သည့် CB၊ MAB၊ MCB ၊ A-Bank တို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ စွမ်းအင်ချွေတာခြင်း၊ ရေဆိုးရေညစ်များကာကွယ်တားဆီးနိုင်ခြင်းစသော စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ရန်နှင့် အစိမ်းရောင်လုပ်ငန်းများအဖြစ်သို့ အကောင်အထည်ဖော်ဆောင်လိုသော စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်ပါက ချေးငွေရယူ လျှောက်ထားနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားနိုင်ရန်ရည်ရွယ်၍ “ချေးငွေအခွင့်အလမ်း ဆိုင်ရာ အစိမ်းရောင်ဘဏ္ဍာရေး အွန်လိုင်းဆွေးနွေးပွဲ” ကို Zoom application မှတဆင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်− #နေ့ရက် - ၂၁.၁.၂၀၂၁ (ကြာသာပတေးနေ့) #အချိန် - နေ့လယ် (၁:၀၀) နာရီမှ (၃:၃၀) နာရီအထိ #နေရာ - Online (Zoom Application) #သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်− #ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် - ဒေါ်သန်းသန်းလှ ၀၉-၇၉၈၄၇၃၄၇၂ #ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင် - ဒေါ်နွယ်နီစိုး ၀၉-၆၈၉၃၉၆၆၆၀ #ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် - ဒေါ်အေးမြသန္တာ ၀၉-၇၉၅၃၈၄၇၆၉ #ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် - ဒေါ်တင်မာဆွေ ၀၉-၄၂၀၀၃၈၉၀၄ #မန္တလေးတိုင်းဒေသကြီး− ဒေါ်သူဇာမောင် ၀၂−၄၀၂၁၀၉၇ #ဧရာဝတီတိုင်းဒေသကြီး− ဒေါ်ခင်ခင်ဆွေ ၀၄၂−၂၀၂၉၀၂၁