စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Rockstart Impact Myanmar အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာ SME လုပ်ငန်းများအတွက် ငွေကြေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများပိုမိုကောင်းမွန်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အကြံဉာဏ်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်၍ “Taking Your Business to the Next Level” တွေ့ဆုံဆွေးနွေးပွဲကို (၁၁.၈.၂၀၁၈) ရက်နေ့၌ SME Center အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ၊ ငွေကြေးဆိုင်ရာ အကြံဉာဏ်ရယူလိုသည့် SME လုပ်ငန်းရှင် စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် Rockstart Impact Myanmar ၏Country Manager, Mr. Robbert Groenen၊ Insitor Management ၏ Myanmar Country manager, Mr. Bradley Kopsick၊ Anthem Asia ၏ Senior Investment Associate, Ms. Jessica Thiri Aung၊ Yoma Bank ၏ Senior Management of SME Sales Innovation, Mr. Paul Wild၊ CB bank ၏Management Associate of the SME Banking Department, U Sai Naw Line၊ A Bank ၏Executive Manager of the SME Department, U Saw Hanter Win၊ RBF Myanmar ၏ Team Leader Mr. Amarnath Reddy တို့မှ ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြန်မာ SME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးမှ Responsible Business Fund လျှောက်ထား ခဲ့ဖူးသည့် အတွေ့အကြုံများကိုမျှဝေပေးခဲ့ရာ၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်မည့် အချိတ်အဆက်ကောင်းများ၊ အကြံဉာဏ်ကောင်းများကိုဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

