တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ MSME များအတွက်" Smart Finance; Smart SME Myeik " Seminar ကျင်းပပြုလုပ်မည်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနသည် Matrix lnstitute of
Professionals နှင့်ပူးပေါင်း၍ အလားအလာရှိပြီး
ငွေကြေးအထောက်အပံ့ရယူလိုသည့် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေး
လုပ်ငန်းများအတွက်လမ်းညွှန်သင်တန်းများ၊ဘဏ္ဏရေးဆိုင်ရာ Seminar
များကို ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်" Smart Finance;
Smart SME Myeik "
Seminarကိုအောက်ပါအစီအစဉ်တိုင်းကျင်းပမည်ဖြစ်ပါသည်-
#Seminar အမည် - "Smart Finance ; Smart SME Myeik "
#Seminarကျင်းပမည့်နေ့ရက်-(၇. ၉.၂၀၁၉)ရက်နေ့၊စနေနေ့
#Seminarကျင်းပမည့်အချိန်-နံနက်(၀၉:၀၀)မှနေ့လည်(၁၂:၀၀)နာရီအထိ
#ကျင်းပမည့်နေရာ-ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး(တတိယလွှာ)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြိတ်မြို့
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် တနသာင်္ရီတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာန ဖုန်း-၀၉ ၄၂၈၃၆၄၂၃၆ : ၀၉ ၇၉၅၉၃၉၈၇၂ သို့ဆက်သွယ်၍စာရင်းပေးသွင်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

