The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-02-21
1:00 pm
နေပြည်တေ်

        စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနသည် အာဆီယံ - ဟောင်ကောင် ဒေသတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှု အလေ့အကျင့်ကောင်းများ မျှဝေရန်ရည်ရွယ်၍  ASEAN-Hong Kong Free Trade Agreement ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်  Innovative Products Practices for Food Processing in Myanmar စီမံကိန်း၏ တတိယအဆင့်အဖြစ် “Hybrid Seminar on Innovative Products Practices for Food Processing in Myanmar” ကို M Gallery Hotel, Nay Pyi Taw  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် မှ (၂၈) ရက်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဆွေးနွေးပွဲသို့ အာဆီယံနှင့်ဟောင်ကောင်တို့မှ ကိုယ်စားလှယ်များက Virtual ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ­ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့မှ MSME လုပ်ငန်းရှင်များနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ SME ဌာနမှ တာဝန်ရှိသူများ က physical ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့က အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ 

    ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များမှ ဆုရလုပ်ငန်းရှင်များအား အနီးကပ် လမ်းညွှန်ခြင်း (Mentoring) ပြုလုပ်ပေးခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ပြည်တွင်း/ ပြည်ပ မှ Panelist များ ပါဝင်သည့် Panel Session ကို Innovative Products Practices for Food Processing ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်း ပထမအဆင့်တွင် ရွေးချယ်ခဲ့သည့် ဆုရလုပ်ငန်းရှင်များမှ ယခင်လုပ်ငန်းအခြေအနေနှင့် Mentoring ပြုလုပ်ပြီးနောက် တိုးတက်လာသည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ ပြည်ပမှ MSME များမှ လုပ်ငန်းများအလိုက် ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေ့အကြုံများကို လည်းကောင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

    Innovative Products Practices for Food Processing in Myanmar စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အသိပညာ ဗဟုသုတများ၊ စွမ်းရည်များတိုးတက်လာခြင်း၊ အခြားနိုင်ငံများတွင် ကျင့်သုံးဆောင်ရွက် လျက်ရှိသော ဆန်းသစ်တီထွင်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ ပိုမိုကျယ်ပြန့်စွာ သိရှိလာခြင်း၊ စားသောက်ကုန်လုပ်ငန်းများနှင့် ပတ်သက်သည့် innovation အသိပညာ အတွေအကြုံများအပေါ်တွင် အခြေခံ၍ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းဗျူဟာများ ပိုမိုရရှိလာပြီး နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်း၊ အာဆီယံ - ဟောင်ကောင် ဒေသတွင်းရှိ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကွန်ရက် ကျယ်ပြန့်လာပြီး၊ ဒေသတွင်း MSME များအကြား စီးပွားရေး ချိတ်ဆက်မှုများ၊ ဈေးကွက်ချဲ့ထွင်မှု အခွင့်အလမ်းများ မြင့်မားလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသည်။